ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုတွင် အခန်းကဏ္ဍတစ်ခုအဖြစ်ပါဝင်နေမှုအတွက် Facebook တွင်တာဝန်ရှိသည့်စာရင်းတွင် ထည့်သွင်းရန်

Facebook ၏ လျစ်လျူရှုမှုက မြန်မာစစ်အစိုးရနှင့် ၎င်းတို့၏ အစွန်းရောက် ထောက်ခံသူများမှ ရိုဟင်ဂျာလူမျိုးများအပေါ် အကြမ်းဖက်မှုများကို ဖြစ်မြောက်အောင်ကူညီ၍၊

လူမျိုးတုံး သုတ်သင်ရှင်းလင်းမှု ကို အားပေးခဲ့သည်ဟု စွပ်စွဲကာ အမေရိကန်နှင့် ဗြိတိန်နိုင်ငံတို့တွင် လူမျိုးတုံးသတ်ဖြတ်ခြင်းခံရသူများနှင့် လွတ်မြောက်လာသူများကိုယ်စား တရားဥပဒေအရ ညှိနှိုင်း အရေးယူဆောင်ရွက်မှုများ ယနေ့စတင်ခဲ့သည်။

 

06 12 2021ခုနှစ် နိုဝင်ဘာလ, London, UK

 

မြန်မာစစ်အစိုးရနှင့် ၎င်းတို့၏ အစွန်းရောက် ထောက်ခံသူများမှ ရိုဟင်ဂျာလူမျိုးများအပေါ် ကျူးလွန်ခဲ့သည့် လူသားမျိုးနွယ်အပေါ်ရာဇ၀တ်မှုများကို ဖြစ်မြောက်အောင်ကူညီရာတွင် အခန်းကဏ္ဍတစ်ခုအဖြစ် ပါဝင်နေမှုအတွက် အမေရိကန်နှင့် ဗြိတိန်နိုင်ငံတို့ရှိ ရှေ့နေများက ယနေ့တွင် Facebook အား ညှိနှိုင်းတရားစွဲဆိုမှုများ စတင်လုပ်ဆောင်နေပြီဖြစ်သည်။  နစ်နာကြေးတောင်းဆိုမှု၏ စုစုပေါင်းတန်ဖိုးသည် ပေါင် ၁၅၀ ဘီလီယံကျော်ရှိသည်။

 

ဗြိတိန်နိုင်ငံရှိ ရှေ့နေများသည် ကမ္ဘာတစ်ဝှမ်းရှိ အမေရိကန်နိုင်ငံတွင် နေထိုင်သူမဟုတ်သော ရိုဟင်ဂျာ အသက်ရှင်ကျန်ရစ်သူအားလုံး(အရေအတွက် ၁ သန်းကျော်ရှိပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံရှိ ဒုက္ခသည် စခန်းများတွင် နေထိုင်သူများ အပါအဝင်)ကိုယ်စား တရားစွဲတင်ရန် ၎င်းတို့၏ ရည်ရွယ်ချက်ကို Facebook မှ တရားဝင် အသိပေးစာ ပေးထားသည်။ ကော်ပိုရိတ်မှတ်တမ်းများနှင့် အခြားသက်ဆိုင်ရာစာရွက်စာတမ်းများအားလုံးကို Facebook မှ ထိန်းသိမ်းထားရန်လိုအပ်ပါသည်။ အမေရိကန်နိုင်ငံတွင် နေထိုင်သော ရိုဟင်ဂျာ အသိုင်းအဝိုင်းကိုယ်စား သီးခြား အမေရိကန် နစ်နာကြေးတောင်းဆိုမှု တင်သွင်းထားသည်။

 

တောင်းဆိုသူများသည် အမှုနှစ်ခုစလုံးတွင် လက်တုံ့ပြန်ခံရမည်ကို စိုးရိမ်သောကြောင့် အမည်မသိအဖြစ် ဆက်လက်ရပ်တည်ရန် ကြိုးပမ်းမည်ဖြစ်သည်။

 

စစ်တပ်နှင့်အရပ်သားနှစ်ဖက်စလုံး၏ လက်အောက်တွင်  မြန်မာနိုင်ငံရှိ ရိုဟင်ဂျာများအပေါ် ပြောမထွက်နိုင်အောင် ဆိုးရွားသော  ရက်စက်ယုတ်မာမှုများ (UN မှ အကြမ်းဖက်မှုများကို “လူမျိုးတုံးသုတ်သင်ရှင်းလင်းမှု၏ ကျောင်းသုံးစာအုပ်နမူနာ” အဖြစ်ဖော်ပြထားသည်) ကျရောက်စေခဲ့ပါသည်။ 2017 ခုနှစ်တစ်ခုတည်းတွင် လူပေါင်း 10,000 ကျော်သေဆုံးပြီး 150,000 ကျော် ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုခံခဲ့ရသည်။ ရိုဟင်ဂျာ လူမျိုးများ အားလုံးနီးပါး မြန်မာနိုင်ငံမှ ထွက်ပြေးခဲ့ကြရသောကြောင့် စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာများ အပြင်းအထန် ရရှိခံစားကာ အိုးမဲ့အိမ်မဲ့ ဖြစ်နေကြရဆဲ ဖြစ်သည်။ ယခုအခါ အသက်ရှင်ကျန်ရစ်သူ တစ်သန်းနီးပါးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ယာယီဒုက္ခသည်စခန်းများတွင် နေထိုင်လျက်ရှိသည်။

 

2018 ကုလသမဂ္ဂအစီရင်ခံစာ၌ နိုင်ငံထဲတွင် "သာလွန်ထူးကဲပြီး အလွန် ကြီးမားသောအခန်းကဏ္ဍတစ်ခု" အဖြစ် ပါဝင်ခဲ့သည်ဟု ဖော်ပြထားသော အဖွဲ့တစ်ဖွဲ့ဖြစ်သည့် Facebook သည် လူမျိုးရေး စိတ်ဝမ်းကွဲပြားအောင် ဖန်တီးရန်နှင့် ကမ္ဘာတစ်ဝှမ်းအကြမ်းဖက်မှုကိုလှုံ့ဆော်ရန်အတွက် ၎င်း၏ပလက်ဖောင်းကို အသုံးပြုခြင်းအား ရပ်တန့်နိုင်ရန် လုံလောက်သော အရေးယူဆောင်ရွက်မှု မပြုခဲ့ကြောင်းဝန်ခံခဲ့သည်။  Mark Zuckerberg က "ကျွန်တော်တို့ နောက်ထပ်အများကြီး အလုပ်လုပ်ရအုန်းမယ်"ဟု ၎င်း၏ အထက်လွှတ်တော် သက်သေခံချက်ထဲတွင် ဝန်ခံထွက်ဆိုခဲ့သည်၊ Facebook ၏ထုတ်ကုန်စီမံခန့်ခွဲမှု ဒုတိယဥက္ကဋ္ဌ Adam Mosseri က "ဒီကိစ္စကြောင့် ကျွန်တော်တို့ အိပ်ရေးတွေပျက်ရတယ်" ဟု ဖော်ပြခဲ့သည်၊ ထို့အပြင် Facebook ၏တည်တံခိုင်မြဲမှု အဖွဲ့၏ ယခင်က အဖွဲ့ဝင်တစ်ဉီးဖြစ်သူတစ်ဉီးက  "ကျွန်တော်ဟာ Facebook အတွက် အလုပ်လုပ်နေရင်းနဲ့ပဲ လူမျိုးတုံးသတ်ဖြတ်မှုထဲမှာ တစ်စိတ်တစ်ပိုင်း ပါဝင်နေခဲ့ရတယ်"ဟု မကြာသေးမီက ဝန်ခံအသိအမှတ်ပြုခဲ့သည်။

 

တရားရေးဆိုင်ရာ သုတေသနနှင့် စုံစမ်းစစ်ဆေးမှု ငါးနှစ်ကျော်ကြာ အဆုံးအဖြတ်ဖြစ်သည့် တရားရေးဆိုင်ရာ နစ်နာကြေးတောင်းဆိုမှုများက Facebook အားအပြည့်အဝ တာဝန်ခံမှုရှိစေရန် တရားရုံးရှေ့တွင် ကတိပြုထားသည်။

 

Facebook အပေါ်စွပ်စွဲချက်များတွင် အောက်ပါတို့ပါဝင်သည်-

 

  • Facebook သည် ၎င်း၏ပလက်ဖောင်းပေါ်တွင် ရိုဟင်ဂျာများအပေါ် အမုန်းပွားစေမည့် အမုန်းစကားများကို ချဲ့ကားသည့် အယ်လဂိုရီသမ်များကို အကျိုးအမြတ်အတွက်ရရှိရေးအတွက်သာကြည့်၍ အသုံးပြုခဲ့သည်။

 

  • Facebook သည် ၎င်း၏ မူဝါဒကို ကျင့်သုံးရန် ပျက်ကွက်ခဲ့ပြီး လက်တွေ့တွင် မြန်မာ သို့မဟုတ် ရိုဟင်ဂျာစကား ပြောဆိုသော အကြောင်းအရာ စိစစ်သူများ သို့မဟုတ် မြန်မာနိုင်ငံ နိုင်ငံရေး အခြေအနေများကို နားလည်မှုဖြင့် ပြည်တွင်း အချက်အလက် စစ်ဆေးသူများကို ခန့်အပ်စစ်ဆေးရန်အတွက် လုံလောက်သော ရင်းနှီးမြှုပ်နှံမှုပြုရန် ပျက်ကွက်ခဲ့သည်။

 

  • Facebook သည် ရိုဟင်ဂျာများအပေါ် အကြမ်းဖက်ရန် လှုံ့ဆော်သော သို့မဟုတ် အမုန်းစကားများ ပါဝင်သော သီးခြားပို့စ်များကို ဖယ်ရှားရန် ပျက်ကွက်ခဲ့သည်။

 

  • အမုန်းစကား ဖြန့်ဝေရန်နှင့်/သို့မဟုတ် အကြမ်းဖက်မှု လှုံ့ဆော်ရန် အသုံးပြုနေသည့် သီးခြားအကောင့်များကို Facebook မှ ပိတ်ရန် ပျက်ကွက်ခဲ့သည်။

 

  • Facebook သည် ၎င်း၏ ပလက်ဖောင်းပေါ်ရှိ မြန်မာစစ်အစိုးရ၏ အစွန်းရောက်ပို့စ်များနှင့် အကောင့်များအကြောင်း 2014 ခုနှစ်မှစ၍ NGO များနှင့် မီဒီယာများမှ သတိပေးခြင်းခံခဲ့ရသော်လည်း 2019 ခုနှစ် အထက်လွှတ်တော် ကြားနာစစ်ဆေးမှုများနှင့် မရင်ဆိုင်ချိန်အထိ အရေးယူဆောင်ရွက်မှု တစ်စုံတစ်ရာ မပြုလုပ်ခဲ့ပါ။

 

  • ယနေ့အချိန်အထိပင် မြန်မာစစ်အစိုးရ (လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်သည့် အဓိကအဖွဲ့အစည်း) နှင့် ၎င်း၏အပေါင်းအပါများသည် Facebook ပလက်ဖောင်းကို အသုံးပြုနေဆဲဖြစ်သည်။

 

ရိုဟင်ဂျာအရေးကို ဦးဆောင်နေကြသော UK မြန်မာရိုဟင်ဂျာအဖွဲ့အစည်း ဥက္ကဋ္ဌ ဦးထွန်းခင် အပါအဝင် ရိုဟင်ဂျာခေါင်းဆောင် အများအပြားက ဗြိတိန်နိုင်ငံ၏ နစ်နာကြေးတောင်းဆိုမှုကို ထောက်ခံလျက်ရှိကြသည်။

 

ဦးထွန်းခင်က ပြောကြားသည်မှာ-

 

"ရိုဟင်ဂျာတွေအတွက် တရားမျှတမှုကို ရရှိဖို့ ကျနော်တို့ ကြိုးပမ်းနေပါတယ်။ ပြောမထွက်နိုင်လောက်အောင် ဆိုးရွားတဲ့ အကြမ်းဖက်မှုတွေကို တိုက်ရိုက်ဖြစ်စေခဲ့တဲ့ ရိုဟင်ဂျာဆန့်ကျင်ရေး အမုန်းပွားဝါဒပြန့်ပွားမှုတွေဖြစ်စေဖို့ ခွင့်ပြုခဲ့တဲ့ ဒီအင်အားကြီး ကမ္ဘာ့ကုမ္ပဏီရဲ့အခန်းကဏ္ဍကို ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။ အသက်အိုးအိမ်ဆုံးရှုံးမှု၊ အိုးမဲ့အိမ်မဲ့ဖြစ်မှုနှင့် စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာများဖြစ်စေခဲ့တာတွေဟာ အဆုံးစွန်အထိ လျစ်လျူရှုမှုတစ်ခုဖြစ်ပြီးတော့ စျေးကွက် ဝေစုနဲ့ အကျိုးအမြတ်ကို အဲ့ဒီအရာတွေအားလုံးထက်ကို  ရှေးရှုလိုက်စားခဲ့လို့ ဖြစ်ခဲ့ရတာပါ။"

 

Global Witness မှ မဲဆွယ်စည်းရုံးရေးခေါင်းဆောင် Naomi Hirst က ပြောကြားသည်မှာ-

 

"ကမ္ဘာကို အမှန်တကယ် အန္တရာယ်ဖြစ်စေနိုင်တဲ့ လှုံ့ဆော်၊ အမုန်းပွားစေတဲ့ အကြောင်းအရာတွေကို ချဲ့ကားစေတဲ့အတွက် နည်းပညာ အဖွဲ့အစည်းကြီးတွေကို တာဝန်ယူခိုင်းဖို့လိုအပ်ပါတယ်။ Facebook ရဲ့ အကြံပြုချက် အယ်လဂိုရီသမ်ဟာ မြန်မာနိုင်ငံရှိ သုံးစွဲသူများအား စစ်အာဏာသိမ်းမှုအစောပိုင်းနှင့် ရက်စက်ကြမ်းကြုတ်သောနေ့ရက်များအတွင်း အကြမ်းဖက်မှုကို လှုံ့ဆော်ပြီး သတင်းမှားများကို တွန်းအားပေးတဲ့ အကြောင်းအရာများဆီသို့ ဦးတည်သွားကြောင်း ကျွန်မတို့ရဲ့ ကိုယ်ပိုင် သုတေသနပြုချက်တွေထဲမှာ တွေ့ရှိခဲ့ပါတယ်။ ဒီလိုမျိုး ထပ်မဖြစ်အောင် တားဆီးဖို့ တရားဥပဒေပြုခြင်းက အရေးကြီးသလို ဒီလို တရားရေးရာ အမှုကိစ္စတွေကလည်း အလွန်အရေးကြီးပါတယ်။

 

Burma Campaign UK ဒါရိုက်တာ Mark Farmaner က ပြောကြားသည်မှာ-

 

"ဒီအမှုတွေက ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုကနေ လွတ်မြောက်လာသူတွေကို နစ်နာကြေးပေးရုံတင်မကဘဲ လူမျိုးတုံးသတ်ဖြတ်မှုကို ကူညီပေးရာမှာ ပါ၀င်တဲ့ အခန်းကဏ္ဍကို ရင်ဆိုင်ဖို့ Facebook ကိုလည်း တွန်းအားပေးဖို့ အရေးကြီးပါတယ်။ Facebook ဟာ အခုအချိန်အထိလည်း စစ်တပ်ကို ရန်ပုံငွေရှာဖွေဖို့နဲ့ ဝါဒဖြန့်ဖို့အတွက် Facebook ကို အသုံးပြုခွင့်ပေးနေဆဲဖြစ်တယ်။"

 

UK ရှိ တောင်းဆိုသူများကို (အကြီးတန်းပါတနာ Jason McCue ဦးဆောင်သော) McCue Jury & Partners LLP နှင့် (မန်နေဂျင်းပါတနာ James Libson ဦးဆောင်သော)Mishcon de Reya LLP  တို့မှ ကိုယ်စားပြုထားပါသည်။ ရှေ့နေအဖွဲ့ကို Matrix Chambers မှ Richard Hermer QC နှင့် Danny Friedman QC တို့က ဦးဆောင်လျက်ရှိပြီး Ben Silverstone (Matrix Chambers)၊ Andrew Scott (Blackstone Chambers)၊ Kate Boakes (12 Kings Bench Walk)၊ Emma Mockford (Brick Court Chambers၊ ) နှင့် Nina Tavakoli (Red Lion Chambers) တို့လည်းပါဝင်သည်။

 

McCue Jury & Partners LLP မှ အကြီးတန်းလုပ်ဖော်ကိုင်ဖက် Jason McCue က ပြောကြားသည်မှာ-

 

" ကမ္ဘာကြီးက ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုကို မတည်မငြိမ်ဖြစ်အောင် ဆယ်စုနှစ်တစ်ခုကျော်ကြာ လက်ပိုက်ကြည့်နေခဲ့ပြီး ဆက်လက်လုပ်ဆောင်စေဖို့ ခွင့်ပြုပါတယ်။ ရိုဟင်ဂျာတွေအပေါ် စာနာမှုနဲ့ စာနာတဲ့ အပြုအမူတွေ အများအပြားရှိခဲ့ပေမယ့် တရားမျှတမှု၊ တာဝန်ခံမှုနဲ့ ပိတ်ဆို့အရေးယူမှုတွေ ကင်းမဲ့နေတာ ဝမ်းနည်းစရာပါ။ ဒါကို ဒီနေမှာ ပြောင်းလဲပစ်ရပါမယ်။ Facebook ဟာ ၎င်းရဲ့ အင်တာနက်ပလက်ဖောင်းများကို အကာအကွယ်ပေးထားပြီး ၎င်း၏အသုံးပြုသူများနှင့် အများပြည်သူများကို စောင့်‌ရှောက်ရမယ့်တာဝန်ရှိပါတယ်။ တာဝန်ရှိစဉ်အတွင်း မြန်မာစစ်အစိုးရနှင့် ထောက်ခံသူများကို ၎င်း၏ အစွန်းရောက် အမုန်းစကား ဆွေးနွေးခန်း ဖိုရမ်များအတွင်း အဆိပ်အတောက်ဖြစ်စေသော မုန်းတီးမှုနှင့် လူမျိုးသုဉ်းသုတ်သင်မှုများကို ဖြန့်ကျက် ပြန့်ပွားခွင့်ပြုထားသည်။ Facebook ဟာ ၎င်း၏ အယ်လဂိုရီသမ်များ အခြေအနေကို ပိုမိုဆိုးရွားလာစေတဲ့အထိ လက်ပိုက် စောင့်ကြည့်နေခဲ့တယ်၊ မရေမတွက်နိုင်သော သတိပေးချက်များ ရရှိပြီးနောက်မှာလည်း အဲ့ဒါတွေကို အချိန်မီ၊ သင့်လျော်စွာ သို့မဟုတ် ဂရုဏာစိတ်ဖြင့် ရပ်တန့်ဖို့ကို အချိန်လွန်တဲ့အထိ ပျက်ကွက်ခဲ့ပါတယ်။"

 

Mishcon de Reya LLP မှ မန်းနေးဂျင်း ပါတနာ James Libson က ပြောကြားသည်မှာ-

 

"ကမ္ဘာ့အုပ်ချုပ်ရေးနဲ့ အဖွဲ့အစည်းတွေ လုံးဝ ပျက်ကွက်သွားတဲ့အခါ ရိုဟင်ဂျာလူမျိုးတွေ ကြုံတွေ့ခဲ့ရတဲ့ ရက်စက်ယုတ်မာမှုတွေအတွက် တရားမျှတမှုကို သူတို့ကိုယ်တိုင် ရှာဖွေဖို့ဘဲ ကျန်တော့တယ်။ ဒီလို ရက်စက်ယုတ်မာမှုတွေရဲ့ မူလဇစ်မြစ်ဟာ အလွန်တရာ ကြောက်ရွံ့ထိတ်လန့်စရာကောင်းပြီး ရိုဟင်ဂျာလူမျိုးများဟာ မျိုးစဉ်ဘောင်ဆက် လူမျိုးရေးမုန်းတီးမှုများ ခံခဲ့ရသော်လည်း Facebook က ဒီအမုန်းမီးတောက်မီးလျှံများကို ပေါ့ဆစွာ အန္တရာယ်ဖြစ်စေဖို့ လှုံ့ဆော်ပေးခဲ့ပါတယ်။ ဒီအတွက် သူတို့မှာ တာဝန်ရှိပြီး အဖွဲ့အစည်းတစ်ခု ဘယ်လောက်ကြီးကြီးမားမားဖြစ်စေ ထိခိုက်နစ်နာမှုအတွက် တာဝန်ရှိကြောင်း ပြသပါလိမ့်မယ်။"

 

US ရှိ တောင်းဆိုသူများကို စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေကုမ္ပဏီကြီး နှစ်ခုဖြစ်သည့် (Richard W. Fields မှ ဦးဆောင်သော) Fields PLLC နှင့် (Jay Edelson ဦးဆောင်သော)Edelson PC  မှ ကိုယ်စားပြုပါသည်။

 

အကယ်၍ သင်သည် ရိုဟင်ဂျာ အသက်ရှင်ကျန်ရစ်သူဖြစ်ပါက ဤအရေးဆိုမှုများကို မည်သို့ပါဝင်ပြီး ပံ့ပိုးကူညီရမည်ကို သိရှိလိုပါက၊ ကျေးဇူးပြု၍ info@rohingyafacebookclaim.comကို ဆက်သွယ်ပါ၊ www.rohingyafacebookclaim.comကို ကြည့်ရှု၍ [•]ကို ဖော်လိုလုပ်ပါ။